မယ်လိုဒီနဲ့ပတ်သက်ပြီး ဖြေရှင်းလာတဲ့ ရေဗက္ကာဝင်းရဲ့ခင်ပွန်းဟောင်း

သရုပ်ဆောင်မယ်လိုဒီဟာ နောက်တစ်ယောက်နဲ့ ဖောက်ပြန်ခဲ့တာကြောင့် ခင်ပွန်းဖြစ်သူနဲ့ ကိုသာထက်နဲ့ ကွာရှင်းပြတ်ဆဲခဲ့ရတယ်လို့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ရေဗက္ကာ၀င်းနဲ့ ခင်ပွန်းဟောင်းဖြစ်သူနဲ့ ဖောက်ပြန်နေကြတယ်လို့ ရေဗက္ကာ၀င်းက ပြောလာခဲ့တာပဲဖြစ်ပါတယ်။

မယ်လိုဒီ ၊ ရေဗက္ကာ၀င်း နှင့် ခင်ပွန်းဟောင်းဖြစ်သူ ကိုကောင်းကျော်ဆွေတို့ရဲ့ သုံးပွင့်ဆိုင်ပြဿနာတွေဖြစ်လာတဲ့အချိန်မှာတော့ ကိုကောင်းကျော်ဆွေမှ အခုလိုပဲရှင်းပြလာတာပဲဖြစ်ပါတယ်။

1: ကျနော့် သူငယ်ချင်းနှင့် online မှ ဖုန်းပြောနေခိုက် သူမသည် ဖုန်းအကြိမ်ကြိမ်ခေါ်ဆိုသောကြောင့် မခံနိုင်သည့်အဆုံး သူမ ဖုန်းအကြိမ်ကြိမ်မဆက်ရန်နှင့်ပြောဆိုပြီး အကယ်၍ ပြောဆိုလိုပါက မျက်နှာချင်းဆိုင် တွေ့ပြီးပြောဟု မိမိလည်း သူဖုန်းထပ်မဆက်ရန်ပြောသောအခါ သူဆီကိုလာရန်ပြောပါသည်။ မိမိမလာမချင်း ဖုန်းခေါ်ဆိုပါသည်။ သူမအား သူနေထိုင်သော ကွန်ဒို အောက်တွင် တွေ့ရပီး သူမမှာ မိမိကားပေါ်သို့ ဝင်ထိုင်ပါသည်။ ထို့အပြင် အလွန်မူးနေပီး ပြန်ဆင်းခိုင်း၍မရသည့်အဆုံး မိမိနေအိမ်သို ခေါ်ဆောင်ခဲ့ရပါသည်။ မိမိအနေဖြင့် မိတ်ဆွေ ခင်မင်မှုထက်မပိုပါ။ ကွာရှင်းပီးသည့်နောက် ထိုနေ့ တစ်ကြိမ်တည်းသာ သူအိမ်သို့ရောက်ရှိခြင်းဖြစ်ပါသည်။

၂။ ဖုန်းခေါ်ဆိုခြင်းသည် သူမ၏ ကားအား ပြင်ပေးရန် နှင့် အိမ်ထောင်စု ဇယားမှ သူမ ဖယ်ပေးရန် ပြောခြင်းသာ ဖြစ်ပါသည်။

၃။ တစ်ရက် သူမသည် မနက် စောစော အိမ်ရှေ့ရောက်လာပြီး ကားဟွန်းတီးခြင်း။ Bell အား အဆက်မပြတ်တီးနေခြင်းဖြင့် အနှောက်အယှက်ပေးနေသောကြောင့် သူ့မိဘ နှင့် သူငယ်ချင်းများအား ဖုန်းဆက်ခေါ်၍ ပြန်ခေါ်ခိုင်းရပါသည်။ အခြား ဘေးအိမ်များအား အနှောက်အယှက် ရှိ၍ ထိုကဲ့သို့ လုပ်ဆောင်ရခြင်း ဖြစ်သည်။

၄။ မိမိအား အခြားသူငယ်ချင်းများ ရှိနေခိုက် သူမသည် အကြိမ်ကြိမ် ဖုန်းခေါ် အနှောက်အယှက် ပြုနေသောကြောင့် သူငယ်ချင်းတစ်ဦးမှ ဝင်ရောက် ဖြေဆို ခြင်းသာ ဖြစ်ပါသည်။

Post Author: admin