နှစ်ယောက်သား ပျော်ပျော်ပါးပါးတွဲကနေရင်း အလင်းရောင်ကိုဖက်ပြီး အနမ်းတွေခြွေခဲ့တဲ့ နေခြည်ဦးရဲ့ဗီဒီယိုဖိုင်

မင်းသားချောလေး အလင်းရောင်ကတော့ နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော်တစ်ဦးလို့ ဆိုရလောက်အောင် မိန်းကလေးပရိသတ်တွေရဲ့အားပေးဝန်းရံခြင်းခံထားရတာ ဖြစ်ပါတယ် ။ အလင်းရောင်က ချောမောခန့်ညားတဲ့ ရုပ်ရည်နဲ့ ယောက်ျားပီသသလို Body အချိုးအစားကလည်း ကျစ်လစ်တောင့်တင်းနေတာ ဖြစ်ပါတယ် ။ အလင်းရောင်က သရုပ်ဆောင်အလုပ်အပြင် တေးသီချင်းတွေပါဖန်တီးနေတဲ့ အဆိုတော်တစ်ဦးလည်း ဖြစ်ပါတယ် ။

မနေ့ကတော့ အလင်းရောင်က မင်းသမီးချောလေး နေခြည်ဦးနဲ့အတူ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ် ။ နေခြည်ဦးက အလင်းရောင်နဲ့ပုံလေးတွေကို သူ့ရဲ့My Story မှာတင်ထားသလို အလင်းရောင်ကလည်း နေခြည်ဦးနဲ့ဗီဒီယိုလေးကို မျှဝေခဲ့တာ ဖြစ်ပါတယ် ။ ဒီဗီဒီယိုလေးမှာတော့ အလင်းရောင်နဲ့ နေခြည်ဦးတို့က Night Out ထွက်ရင်း ပျော်ပျော်ပါးပါးကနေကြတာပဲ ဖြစ်ပါတယ် ။

အတူတူတွဲကနေရင်းနဲ့ နေခြည်ဦးက အလင်းရောင်ရဲ့လည်ပင်းကို သိုင်းဖက်ပြီး ပါးကို ရုတ်တရက်ဆိုသလိုအနမ်းလေးပေးလိုက်တာလည်း ဖြစ်ပါတယ် ။ ဒီဗီဒီယိုလေးကြောင့် ပရိသတ်တွေက အံ့အားသင့်‌နေကြပြီး ထင်ကြေးတွေမျိုးစုံပေးနေကြတာလည်း ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် Night Out ထွက်ပြီး ပျော်ပျော်ပါးပါးကနေတဲ့ အလင်းရောင်နဲ့ နေခြည်ဦးတို့ရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်

Post Author: admin