မျက်မှန်တစ်လက်နဲ့ ဂိုက်ပေးကြမ်းနေတဲ့ Liam လေးရဲ့ အသည်းယားစရာ ဗီဒီယိုဖိုင်လေး

 

ကြော်ငြာမင်းသမီးချောလေး ယွန်းဝတီလွင်မိုးကတော့ ငယ်ငယ်လေးကတည်းကနေ အခုချိန်အထိ ပရိသတ်တွေရဲ့အချစ်ကို ပိုင်ဆိုင်လာခဲ့သူ ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီး နောက်ပိုင်းမှာလည်း အပျိုလေးအတိုင်း အလှမပျက်ဘဲ ချစ်ဖို့ကောင်းနေတဲ့ ယွန်းကိုတော့ ပရိသတ်တွေက အချစ်တွေပိုတိုးခဲ့ရပါတယ်။ ဒါ့အပြင် ယွန်းရဲ့သားလေးကလည်း ပြည့်ပြည့်ဖောင်းဖောင်းနဲ့ ချစ်စရာကောင်းလွန်းတာကြောင့် ပရိသတ်ကြားမှာ လူချစ်လူခင်ပေါများနေတာ ဖြစ်ပါတယ်။

 

Liam လေးလို့ အမည်ပေးထားတဲ့ ယွန်းရဲ့သားချောလေးကတော့ အခုဆိုရင် အသက် ၈ လကျော်ရှိနေပြီ ဖြစ်ပါတယ်။ ဘိုးဘိုးလွင်မိုးနဲ့လည်း ရုပ်ချင်းဆင်တဲ့ Liam လေးက တစ်နေ့တစ်ခြား ပိုပိုပြီး ချစ်ဖို့ကောင်းလာတာ တွေ့ရပါတယ်။ အခုလည်း Liam လေးက မျက်မှန်တစ်လက်နဲ့ လူကြီးလေးလို အနားယူအပန်းဖြေနေတဲ့ ဗီဒီယိုလေးကို ဘွားဘွားမေသူက တင်ပေးထားပါတယ်။

 

မျက်မှန်လေးတပ်ပြီး စတိုင်ကျနေတဲ့ Liam လေးကိုတော့ မြင်သူတိုင်းက မချစ်ဘဲမနေနိုင်လောက်အောင် အသည်းယားစရာကောင်းနေတာ ဖြစ်ပါတယ်။ ဂိုက်ပေးကြမ်းနေတဲ့ Liam လေးကတော့ မျက်မှန်လေးကို ဆွဲချွတ်လိုက်တဲ့ပုံလေးကလည်း အူယားလွန်းလို့ ပါးလေးကိုဖက်နမ်းချင်လောက်အောင်ပါပဲနော်။ ကဲ ချစ်ပရိသတ်တွေအတွက် ယွန်းဝတီလွင်မိုးရဲ့သား Liam လေးရဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Video ကြည့်ရန်

Source: Maythu

Add a Comment

Your email address will not be published. Required fields are marked *