မော​ဖောက်​လာတဲ့အတွက်​ ယ​​နေ့ ရန်​ကုန်​ပြည်​သူ့​ဆေးရုံကြီးမှာ အ​ရေး​ပေါ်​ဆေးကုသမှုခံယူနေရတဲ့ ကစ်ကစ်

သရုပ်ဆောင် ကစ်ကစ်ဟာဆိုရင် အနုပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုခဲ့ရသူ တစ်ဦးဖြစ်ပြီး အနုပညာအပေါ်မှာ အရမ်းကိုတန်ဖိုးထား လေးစားချစ်မြတ်နိုးလွန်းတဲ့ သူလေးတစ်ယောက်ပါ။ အနုပညာအပေါ်ချစ်ခင်တဲ့ သူမကတော့ ယခုလိုနေထိုင်မကောင်းဖြစ်ပြီး စိတ်သွားတိုင်းကိုယ်မပါဖြစ်နေရတဲ့ အချိန်မှာတောင် နေကောင်းလာတာနဲ့ အနုပညာအလုပ်ကို ဆက်လက်လုပ်ကိုင်ဖို့ တဖွဖွပြောဆိုခဲ့တဲ့ သူလေးတစ်ယောက်ပဲဖြစ်ပါတယ်။ သူမပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတိုင်းလိုလိုကလည်း ပရိသတ်တွေအတွက် ဟာသလေးနှောပြီး သရုပ်ဆောင်ပြသပေးထားခဲ့တာကြောင့် ပရိသတ်တွေက သူမရဲ့ အနုပညာကို အကြိုက်တွေ့စေခဲ့ပြီး သဘောကျနှစ်သက်ခဲ့ကြတာပဲဖြစ်ပါတယ်။

 

 

ကစ်ကစ်ဟာဆိုရင် ကျန်းမာရေးဖောက်ပြန်မှုတွေကြောင့် နေထိုင်မကောင်းဖြစ်ပြီး ဆေးရုံကို ခနခနတက်ရောက်ခဲ့ရတာပဲဖြစ်ပါတယ်။ ဆေးဝါးကုသမှု ကုန်ကျစရိတ်တွေအရမ်းများခဲ့ပေမယ့်လည်း အများရဲ့ ကူညီထောက်ပံ့ပေးမှုတွေနဲ့ အသက်ဆက်ရှင်ခွင့် ရနေခဲ့ရတာပဲဖြစ်ပါတယ်။


 

ဒီနေ့မှာတော့ သရုပ်ဆောင် ကစ်ကစ် ဟာ အ​မော​ဖောက်​လာတဲ့အတွက်​ ယ​​နေ့ ရန်​ကုန်​ပြည်​သူ့​ဆေးရုံကြီးမှာ အ​ရေး​ပေါ်​ဆေးကုသမှုခံယူလျက်​ရှိပါတယ်​။ ပရိသတ်ကြီးကလဲ ကစ်ကစ်ရဲ့ကျန်းမာရေးအတွက် ဆုတောင်းစကားလေးပြောပေးခဲ့ကြပါဦးနော်။

Add a Comment

Your email address will not be published. Required fields are marked *