ထောင်ကထွက်လာပြီးနောက် ကူညီစောင့်ရှောက်ပေးခဲ့တဲ့ ကျေးဇူးရှင်တွေကို ကန်တော့ခဲ့တဲ့မိုးအောင်ရင်

သရုပ်ဆောင်မိုးအောင်ရင်ဟာ နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့အတူ ယနေ့မှာတော့ လွတ်မြောက်ခဲ့ပါပြီ။မူးယစ်ဆေးမှုနဲ့ ထောင်ကျခဲ့တဲ့ မိုးအောင်ရင်ဟာ ထောင်ကထွက်လာပြီးနောက်မှာသူ့အပေါ်မှာကူညီစောင့်ရှောက်ပေးခဲ့တဲ့ ကျေးဇူးရှင်တစ်ချို့ကို သွားရောက်ဂရဝပြု ကန်တော့ခဲ့တာပဲဖြစ်ပါတယ်။

သရုပ်ဆောင်မိုးအောင်ရင်ရဲ့ ဖခင်ဖြစ်သူဦးအောင်ရင်ကလည်း သားဖြစ်သူအတွက်ဝမ်းသာပျော်ရွှင်နေတာကို သူရဲ့လူမှုစာမျက်နှာမှာတွေ့ရပါတယ်။ဦးအောင်ရင်ကိုမြင်တဲ့သူတိုင်းဟာ သားဖြစ်သူအတွက်ဖခင်တစ်ယောက်ရဲ့ မေတ္တာကို အတိုင်းသားမြင်ရမှာပဲဖြစ်ပါတယ်။သားဖြစ်သူအတွက် ဦးအောင်ရင်ဟာ ကျေးဇူးရှိတဲ့သူတွေအပေါ် စိတ်ထဲမှန်းကာ ကန်တော့တဲ့အကြောင်းကို အခုလိုပဲရေးသားထားပါတယ်။ဦးအောင်ရင်က

“သားကိုချစ်တဲ့ခင်ရာဆွေမျိုးများနဲ့ခင်ပွန်းကြီးဆယ်ပါးကိုကန်တော့ပါတယ် 🙏🙏🙏
ကန်တော့ရမယ့်ကျေးဇူးရှိသူတွေအများကြီးကျန်ပါသေးတယ် စိတ်ထဲကမှန်းကန်တော့ပါတယ် 🙏🙏🙏 ” လို့ရေးသားထားပါတယ်။သားဖြစ်သူအတွက် မိဘတွေဘယ်လောက်တောက် ပျော်နေလိုက်မလဲနော် …

မိုးအောင်ရင် ဟာ ထောင်ကထွက်လာပြီးနာက် သူ့ကိုကူညီစောင့်ရှောက်ပေးခဲ့တဲ့ ဆွေမျိုးများနဲ့ ကျေးဇူးရှင်များကို ကန်တော့ခဲ့ပါတယ်။ မိုးအောင်ရင် က ထောင်ကျနေစဉ်အတွင်းမှာ အင်္ဂလိပ်စာသင်ပြပေးခဲ့တယ်လို့လည်း သိရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *