မိသားစုစားဝတ်နေရေးအတွက် ခြေထောက်မကောင်းပေမယ့်လဲ တုတ်ကောက်လေးနဲ့ လမ်းလျောက်ပြီး စားစရာတွေလိုက်ပို့ ရောင်းချပေးမယ်ဆိုတဲ့ ဧရာ

တစ်ခေတ်တစ်ခါက အငြိမ့်ဇာတ်သဘင်တွေမှာသာမက ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ လူရွှင်တော်ကြီးဧရာကတော့ ပါဝင်သရုပ်ဆောင်ခွင့်ရရှိခဲ့သူတစ်ယောက်ပါ။ ဧရာက အတိုင်းအတာတစ်ခုလောက်ထိ အောင်မြင်မှုရရှိနေချိန်မှာ ကျန်းမာရေးအခြေအနေကြောင့် အိပ်ယာထဲမှာလဲပြီး

နေထိုင်မကောင်းဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ကျန်းမာရေးအခြေအနေမကောင်းတာကြောင့် လူရွှင်တော်ကြီးဧရာက အနုပညာလုပ်ငန်းတွေနဲ့ အလှမ်းဝေးသွားခဲ့တာပဲ ဖြစ်ပါတယ်။ အခုလို အစစအရာရာ ကြပ်တည်းနေကြတဲ့ အချိန်မှာလည်း လူရွှင်တော်ကြီးဧရာက သူ့အိမ်က စားဝတ်နေရေးအတွက်

စားသောက်စရာများကို ရောင်းချသွားမယ်ဆိုတဲ့အကြောင်းကို Live လွှင့်ပြီး ပြောထားပါတယ်။ ပရိသတ်ကြီးအတွက် လူရွှင်တော်ကြီးဧရာရဲ့ Live ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။ လူရွှင်တော်ကြီးဧရာကတော့ ခြေထောက်မကောင်းလို့

လမ်းသိပ်မလျှောက်နိုင်ပေမယ့် တုတ်ကောက်လေးနဲ့လမ်းလျှောက်ပြီး စားစရာတွေ လိုက်ပို့ပေးမယ်လို့ ပြောထားပါတယ်။ စီးပွားရေးကြပ်တည်းနေပေမယ့်လည်း သမာအာဇီဝကျကျ ရိုးရိုးသားသားငွေရှာတဲ့ လူရွှင်တော်ကြီးဧရာရဲ့ စားဝတ်နေရေးလေး အဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။


Source : လူရွှင်တော်ဧရာ’s Facebook

Post Author: admin