ဒီကနေ့ လေယာဉ်ပျက်လို့ အသက်အန္တရာယ်ကြုံခဲ့ရတဲ့ နေမင်း ခင်လေးနွယ်နဲ့ အနုပညာရှင်များ ( ရုပ်/သံ )

ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မှထွက်ခွာလာသော MNA လေယာဉ်တစ်စီးသည် မန္တလေးတံတားဦးလေဆိပ်သို့ ဆင်းသက်ရာ၌ ရှေ့ဘီးထုတ်မရသောကြောင့် ဦးခေါင်းအောက်ပိုင်းနှင့်ပွတ်တိုက်ဆင်းခဲ့ရသော်လည်း ခရီးသည်များအားလုံး ဘေးအန္တရာယ်ကင်းခဲ့ကြောင်းသိရသည်။

ထိုလေယာဉ်တွင် ရုပ်ရှင်သရုပ်ဆောင်များဖြစ်ကြသော နေမင်း၊ စည်သူမောင်၊ ယုသန္တာတင်၊ ခင်လေးနွယ်တို့လည်း ခရီးသည်အဖြစ် လိုက်ပါစီးနင်းခဲ့ကြကြောင်း သိရသည်။ လေယာဉ်ရပ်သွားချိန်တွင် လေယာဉ်တွင်း အခြေအနေနှင့် လေယာဉ်ပေါ်ကဆင်းသက်ပြီး လေယာဉ်အခြေအနေတို့ကိုလည်း သရုပ်ဆောင် နေမင်းက Facebook ပေါ်တွင် Video များတင်ထားသည်ကို တွေ့ရသည်။

“ဘဝမှာ တစ်ခါမှမကြုံဖူးခဲ့တဲ့အတွေ့အကြုံပါပဲ၊ ကံသီပေလို့ပေါ့။အရေးပေါ်ချွတ်ယွင်းပြီး ရှေ့ဘီးချမရလို့ အမျိုးမျိုးကြိုးစားမောင်းနှင်ပြီးမှ မရတော့တဲ့အဆုံး နောက်ဘီးတွေမှေးချပြီး အရှိန်နဲ့ရှေ့ဝမ်းပိုက်နဲ့ရှောဆင်းခဲ့တာ မီးခိုးလေးတွေနည်းနည်း အရေးပေါ်အမြန်ဆင်းပြေးခဲ့ရတာ အားလုံးကံကောင်းခဲ့ကြပါတယ်။

MNA လေယဉ်မှုးကြီး ဦးမြတ်မိုးအောင် အဖွဲ့သားအားလုံးလည်း တကယ်တော်ကြပါတယ်။ ဘာပဲဖြစ်ဖြစ်ချီးကျူးပါတယ်ခင်ဗျား။
စိတ်ပူပြီးတော့ ဖုန်းတွေချက်ချင်းဆက်မေးခဲ့ကြသူတွေကိုလည်း ကျေးဇူးတင်ပါတယ်´´ဟု လေကြောင်းခရီးစဉ်တွင်ပါဝင်ခဲ့သော မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်နှင့် ရုပ်ရှင်မင်းသားနေမင်းတို့က လူမှုစာမျက်နှာတွင် အသီးသီး ရေးထားသည်။

ဗီဒီယိုကြည့်ရန်

Photo : MRG

Add a Comment

Your email address will not be published. Required fields are marked *