ပရိသတ်​​တွေကြားမှာ နာမည်​ကြီးနေတဲ့ G Fatt ​ရေး​ပေးထားတဲ့ နန်းဆုရတီစိုးရဲ့သီချင်းအသစ်

စကား​ပြောရင်​ ချွဲချွဲနွဲ့နွဲ့​လေးနဲ့ က​လေး​လေးတစ်​​ယောက်​လိုချစ်​စရာ​ကောင်းတဲ့ အဆို​တော်​ သရုပ်​​ဆောင်​ နန်းဆုရတီစိုးက​တော့ ပရိသတ်​​တွေဆီကို သီချင်း​ကောင်း​လေး​တွေ ​ဝေမျှ​ပေး​လေ့ရှိသူတစ်​ဦးပါ။ လတ်​တ​လောမှာ​တော့ နန်းဆုက​ ချစ်​သူ G Fatt ကိုယ်​တိုင်​​ရေးပြီး သူမသီဆိုထားတဲ့ “ကမ်းမဲ့​လှေ” ဆိုတဲ့သီချင်း​လေးကို ချစ်​ရတဲ့ ပရိသတ်​​တွေအတွက်​ ​ဝေမျှ​ပေးခဲ့တာပဲ ဖြစ်​ပါတယ်​။ “ကမ်းမဲ့​လှေ” သီချင်း​ဗီဒီယို​လေးက​တော့ အမိုက်​စားရိုက်​ချက်​​တွေနဲ့ ခံစားလို့​ကောင်းမယ့်​သီချင်းစာသား​တွေနဲ့ အရမ်းကို ပြီးပြည့်​စုံ​နေတာပါ။

 

ချစ်​ပရိသတ်​​တွေအတွက်​ G Fatt ​ရေးပြီး နန်းဆုရတီစိုးသီဆိုထားတဲ့ “ကမ်းမဲ့​လှေ” ဆိုတဲ့သီချင်း​ဗီဒီယို​လေးကို ကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။

နန်းဆုက​တော့ “ကိုယ်ဘယ်လောက်ပဲ ပေးဆပ်ပြီးချစ်ခဲ့ ချစ်ခဲ့ အဲ့ပေးဆပ်မှုတွေကို သူတန်ဖိုးမထားတက်တဲ့အခါ .. သေချာတာ လမ်းခွဲကြရုံပေါ့ ..ဒီလိုနဲ့ သူဟာ ကိုယ့်ကမ်းဆီ ဘယ်တော့မှ ပြန် ကပ်ခွင့်ပြုတော့မှာ မဟုတ်တဲ့ ကမ်းမဲ့လှေ တစ်စင်းဖြစ်ခဲ့ပါကြောင်း … ” ဆိုပြီး​တော့ သူမရဲ့သီချင်းအသစ်​​လေးကို ​ဝေမျှ​ပေးခဲ့တာပါ။

 

G Fatt ကိုယ်​တိုင်​​ရေးပြီး နန်းဆုရတီစိုးသီဆိုထားတဲ့ “ကမ်းမဲ့​လှေ” သီချင်း​ဗီဒီယို

နန်းဆုရတီစိုးက​တော့ တ​လောကပဲ “​မေ​မေဆူမှာစိုးလို့” သီချင်း​လေးကို ပရိသတ်​​တွေအတွက်​ ​ဝေမျှ​ပေးခဲ့ပါ​သေးတယ်​။ ချစ်တတ်လွန်းသူကြီး G Fatt နဲ့ မမချောချောနန်းဆုတို့ရဲ့ ကြည်နူး ကြည်နူးဖွယ်ကောင်းလှတဲ့ အချစ်ရေးကလည်း ပရိသတ်တွေကို အမြဲလိုလို အားကျစေခဲ့တာပါ။

Source: Momolay

Add a Comment

Your email address will not be published. Required fields are marked *