ဘွဲ့ရတဲ့အထိ ဈေးရောင်း လယ်လုပ်ပြီး ကျွေးမွေးခဲ့တဲ့ မိဘနှစ်ပါးကို ပြန်လည်ပြုစုခွင့်ရတာ ဘဝမှာ အလိုချင်ဆုံးအရာပါဆိုတဲ့ နေယံ

နေယံကတော့ တစ်ချိန်က ဗီဒီယိုဇာတ်ကားများစွာကို ရိုက်ကူးခဲ့တဲ့ မင်းသားတစ်လက်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း အခိုင်အမာရယူထားနိုင်သူတစ်ယောက်ဖြစ်ပါတယ်။ ကျရာဇာတ်ကားတွေမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့


နေယံကတော့ ယခုမှာ လယ်ယာလုပ်၊ဈေးရောင်းပြီး ဘွဲ့ရတဲ့အထိ ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ မိဘနှစ်ပါးကို ဒီချိန်မှာ ပြန်လည်ပြုစုခွင့်ရတာလေးက ဘဝမှာအလိုချင်ဆုံးအရာပါဆိုပြီး ပြောပြလာခဲ့ပါတယ်။ချောမောတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားပြီး ပရိသတ်တွေရဲ့ အချစ်ကိုရယူထားနိုင်ခဲ့တဲ့ နေယံကတော့ ” သားသမီးတွေကို လယ်ယာလုပ် ခြံစိုက်ပျိုး

ဈေးရောင်းပြီး ဘွဲ့ရတဲ့အထိ တက်နိုင်တာ အစွမ်းကုန် ကြိုးစားရှာဖွေပြုစုစောင့်ရှောက်ခဲ့တာ အရမ်းပင်ပန်းခဲ့တယ် ဒီချိန်မှာ ဒီလောက်လေးပြုစုခွင့်ရတာလေးကို ဘဝမှာအလိုချင်ဆုံးအရာပါ ကျန်တာတွေ အရမ်းမမက်မောပါဘူး ” ဆိုပြီး


လူမှုကွန်ယက်ထက်မှာ အဖေအမေရဲ့ ပုံရိပ်လေးတွေနဲ့အတူ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။နေယံကတော့ ” အိပ်ခန်းထဲတောင်သွားမအိမ်တော့ဘူး ကလေးနှစ်ယောက် တစ်နေ့တစ်နေ့ ပြောလိုက်တဲ့စကားတွေ ခုမှတွေ့တာကျနေတာပဲ နှစ်ယောက်သား ခုတော့ အိပ်ပျော်သွားကျပြီ ”

ဆိုပြီး လူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ချစ်ပရိသတ်တွေအတွက် မင်းသားချောလေးနေယံတို့ မိသားစုလေးရဲ့ ကြည်နူးစရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။

Post Author: admin