ဆယ်တန်းဖြေဆိုအောင်မြင်ခဲ့ကြတဲ့ ကျောင်းသား ကျောင်းသူတွေကို ဂုဏ်ပြုစကားဆိုခဲ့တဲ့ ဝတ်မှုန်ရွှေရည်

အကယ်ဒမီသရုပ်ဆောင် မင်းသမီး အကယ်ဒမီ ဝတ်မှုံရွှေရည် ကတော့ပရိသတ်တွေ သည်းသည်းလှုပ် ချစ်ခင်အားပေးရတဲ့ နိုင်ငံကျော် သရုပ်ဆောင်မင်းသမီးတစ်ဦးပဲ ဖြစ်ပါတယ်။ ကိုရီးယားမလေးလို ရုပ်သွင်ကိုပိုင်ဆိုင်ထားပြီး အရွယ်နဲ့မလိုက်အောင်နုဖတ်ကာ ချစ်စရာကောင်း သူမကတော့ ချစ်ရတဲ့အမာခံပရိသတ်ထုကြီးကို ပိုင်ဆိုင်ထားသူလေးလည်း ဖြစ်ပါတယ်။

သရုပ်ဆောင် ဝတ်မှုန်ရွှေရည်ဟာ အရမ်းကိုချစ်စရာကောင်းပြီး ဖြူ စင်တဲ့အပြုံးလေးတွေကြောင့် ပရိသတ်တွေ လူကြီးလူငယ်မရွေး အားပေးနှစ်သက်ကြတာပဲ ဖြစ်ပါတယ်။သူမဟာဇွန်လ ၉ ရက်နေ့ ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ကျင်းပခဲ့သော 2019 Asia Model Festival ရဲ့ Asia Model Awards ပွဲတွင် Asia Special Award ကိုမင်းသမီးလေး ၀တ်မှုံရွှေရည်က ရရှိခဲ့ပါသေးတယ်။

လတ်တလောမှာတော့တက္ကသိုလ်ဝင်စာမေးပွဲ(၂၀၁၈ – ၂၀၁၉ ) ခုနစ်အောင်စာရင်းကို မနေ့က ၈.၆.၂၀၁၉ မှာ ကျောင်းသားကျောင်းသူတွေ သိရှိခဲ့ကြတာပဲဖစ်ပါတယ်။ ကျောင်းသားကျောင်းသူတွေရဲ့ ဘဝတစ်ခုရဲ့ တစ်ဆစ်ချိုးလို့ဆိုရမယ့် အထိမ်းအမှတ်တစ်ခုဆိုလည်းမမှားပါဘူးနော်။ အောင်မြင်တဲ့သူတွေရှိသလိုကျရှုံးတဲ့သူများလည်းရှိခဲ့ ကြပြီး ဝမ်းနည်းဝမ်းသာ ဖြစ်မှုတွေ ခံစားခဲ့ ကြရတာက ကျောင်းသားကျောင်သူတွေသာမက မိဘတွေလည်း အပါအဝင်ပဲ ဖြစ်ပါတယ်။

အောင်မြင်ခဲ့တဲ့ကျောင်းသားကျောင်းသူတွေကို ကစ်လေးက TikTok Video လေးနဲ့ချစ်စဖွယ်ဂုဏ်ပြုစကားဆိုလိုက်တာပဲ ဖြစ်ပါတယ်။ ” Hello ဆယ်တန်းစာမေးပွဲအောင်တဲ့ကလေးတွေအားလုံးအတွက်ဝမ်းသာပါတယ်။ Congratulationပါ” ဆိုပြီး ချစ်စဖွယ်အမူအရာလေးနဲ့ ပြောခဲ့တာပဲ ဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *