ကျန်းမာရေးအခြေအနေကြောင့် ဆေးကုသမှုခံယူနေရတဲ့ ထက်ထက်မိုးဦး

ပရိသတ်တွေရဲ့အချစ်တော် ထက်ထက်မိုးဦးတစ်ယောက် မန္တလေးမှာဆေးကုသမှု ခံယူနေတာပဲ ဖြစ်ပါတယ်။ နေသိပ်မကောင်းလို့ ဆေးခန်းမှာသွားပြနေတဲ့ပုံရိပ်လေးကို သူမရဲ့ပရိသတ်တစ်ယောက်က လူမှုကွန်ယက်မှာဝေမျှလိုက်တာပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေနဲ့ လတ်တလောမှာတော့ ကင်းကွာ သလိုဖြစ်နေတဲ့ သူမဟာ ပရိသတ်တွေရှေ့ကို ပြန်လည်ရောက်လာခဲ့ပါ့မယ်လို့ ပြောခဲ့ပါသေးတယ်။

လူမှုကွန်ယက်တွေကို တစ်ခုမှအသုံးမပြုပဲ မိုးကုတ်မှာအေအေးဆေးဆေး နေထိုင်နေ တာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းလောက်က ဒီဇိုင်နာမျိုးမင်းစိုးရဲ့ မွေးနေ့ပွဲကို တက်ရောက် ခဲ့ပါသေးတယ်။ ချစ်စရာကောင်းတဲ့ သူမရဲ့ပုံစံလေးကတော့ အချိန်တွေဘယ်လောက်ကြာ ကြာ အရင်အတိုင်း မပြောင်းမလဲ ရှိနေဆဲပါပဲ။

နေမကောင်းလို့ ဆေးခန်းပြနေတာတောင် ချစ်စရာကောင်းနေဆဲပါပဲ။ ခပ်နွမ်းနွမ်းအပြုံး လေးက အရင်လို လတ်ဆတ်နေဆဲပါပဲ။ သူမရဲ့သရုပ်ဆောင်မှုတွေကို အားလုံးက ပြန်မျှော်လင့်နေကြပြီး အရင်လိုရုပ်ရှင်ဇာတ်ကားတွေမှာလည်း သူမရဲ့လှုပ်ရှား မှုတွေကို ပရိသတ်ကြီးတွေကတော့ မျှော်နေကြဆဲပါထက်ထက်ရေ…

Add a Comment

Your email address will not be published. Required fields are marked *