ဖုတ်လိုက် ဖုတ်လိုက် သီချင်းနဲ့ KTV မှာအပီအပြင်ကဲနေတဲ့သင်ဇာဝင့်ကျော်

နိုင်ငံကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ သင်ဇာဝင့်ကျော်ဟာ မိမိုက်တဲ့ ဖက်ရှင်တွေနဲ့အတူ ပြီးပြည့်စုံတဲ့
ခန္ဓာကိုယ်အလှကို ပိုင်ဆိုင်ထားသူလေးပါနော်။သရုပ်ဆောင်သင်ဇာဝင့်ကျော်ဟာ လတ်တလောမှာတော့ Canal+ ရဲ့ fan meeting ပွဲအတွက် မော်ဒယ်ပိုင်တံခွန်နဲ့အတူ ခရီးတွေထွက်ဖြစ်နေတာလည်းဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်နဲ့ ပိုင်တံခွန်တို့ဟာ မနေ့က KTV မှာ
သီချင်းဆိုဖြစ်ခဲ့ကြတာပဲဖြစ်ပါတယ်။အဆိုပါ ဗီဒီယိုဖိုင်ကို ပိုင်တံခွန်က သူရဲ့လူမှုစာမျက်နှာမှာတစ်ဆင့် မျှဝေထားတာကိုတွေ့ရပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ရဲ့ ဖုတ်လိုက် ဖုတ်လိုက် သီချင်းနဲ့ အပီအပြင်သီဆိုနေတဲ့ သင်ဇာဝင့်ကျော်ရဲ့ ဗီဒီယိုဖိုင်လေးကို ပရိတ်သတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်…

Add a Comment

Your email address will not be published. Required fields are marked *