မင်္ဂလာပွဲတုန်းက ဓာတ်ပုံတွေထွက်ပေါ်လာတဲ့ နန်းမွေစံ

နန်းမွေစံဆိုတဲ့ ဆရာဝန်မော်ဒယ်ချောချောလေးဟာဆိုရင် ပုရိသတွေရဲ့တခဲနက်အားပေးခြင်းခံရပြီး ပရိသတ်တွေစွဲလန်းရူးသွပ်ရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ နန်းမွေစံဟာ သူ့ရဲ့ရှိုက်ဖိုကြီးငယ်အသွယ်သွယ်နဲ့ စွဲမက်စရာခန္ဓာကိုယ်ကောက်ကြောင်းအလှတွေကြောင့် ပရိသတ်တွေသတိမထားမိပဲမနေနိုင်အောင်ဖြစ်ပြီး အောင်မြင်မှုရရှိလာခဲ့တယ်ဆိုရင်လည်းမမှားပါဘူး။

နန်းမွေစံဟာ မကြာသေးမီတုန်းက မြန်မာ့ယဉ်ကျေးမှုနဲ့မသင့်လျော်တဲ့ဝတ်စားဆင်ယင်မှုကြောင့် ဆရာဝန်တစ်ဦးအနေနဲ့ ဆေးကုသခွင့်လိုင်စင်ပိတ်သိမ်းခံခဲ့ရပါတယ်။ နန်းမွေစံက အထွေထွေဆေးကုသခွင့်လိုင်စင်ကို ပိတ်သိမ်းလိုက်ကြောင်း အမိန့်ကြော်ငြာစာကို သူမရဲ့ page မှာ “လူ့အခွင့်အရေးဆိုတာဘာလဲ ဒီမိုကရေစီကရောဘယ်မှာလဲ”လို့ အဓိပ္ပါယ်ရတဲ့ စာသားနဲ့အတူ တင်ထားခဲ့ပါတယ်။

အခုလတ်တလော အဲဒီကိစ္စတွေအပြီးမှာ ပရိသတ်တွေကြားထဲပျံ့နှံ့လာတဲ့သတင်းတွေကတော့ နန်းမွေစံက ဗိုလ်မှူးတစ်ယောက်နဲ့လက်ထပ်ခဲ့ဖူးတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာပါ။ လွန်ခဲ့တဲ့ ငါးနှစ်ခန့် (၂၀၁၄ ) တုန်းက နန်းမွေစံဟာ ဗိုလ်မှူးတစ်ဦးနဲ့တရားဝင်လက်ထပ်ခဲ့ဖူးပြီး အဲဒီလက်ထပ်ပွဲတုန်းက ဓာတ်ပုံတွေက ပရိသတ်တွေကြားမှာပျံ့နှံ့လို့နေပါတယ်။

ဓာတ်ပုံထဲမှာမြင်ရသလောက်ကတော့ နန်းမွေစံက ဆူးလေ ရှန်ဂရီလာမှာ မင်္ဂလာဆောင်ခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်ကြီးအတွက်နန်းမွေစံရဲ့မင်္ဂလာပွဲတုန်းက ဓာတ်ပုံတွေကိုဖော်ပြပေးလိုက်ပါတယ်။

Source : ပြောချင်လွန်းလို့

Add a Comment

Your email address will not be published. Required fields are marked *