နှစ်ဦးနှစ်ဖက် အဆင်ပြေနေကြောင်း Live လွှင့်ဖြေရှင်းလာတဲ့ဇင်သဲနိုင်တို့မိသားစု

သရုပ်ဆောင် ပိုင်ဇေရဲထွန်းနှင့် ဇနီးဖြစ်သူ ဇင်သဲနိုင်တို့ ဇနီးမောင်နှံဟာ ဖခင်ဖြစ်သူရဲ့ အိမ်နှင့်ခြံကို ပေါင်နှံထားမှုကြောင့် ကမ္ဘောဇဘဏ်မှ တရားစွဲဆိုခြင်းကို ရင်ဆိုင်နေရကြောင်း ပိုင်ဇေရဲထွန်းရဲ့ ဖခင်ဖြစ်သူက လွန်ခဲ့တဲ့ နှစ်ရက်က လူမှုကွန်ယက်ပေါ်ရေးသားထားတာဖြစ်ပါတယ်။ ထိုရေးသားမှုကြောင့် ပိုင်ဇေရဲထွန်းတို့ဇနီးမောင်နှံဟာ ဝေဖန်ထိုးနှက်မှုအမျိုးမျိုးနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ဒါ့အပြင် ဇင်သဲနိုင်ရဲ့ ပို့စ်တင်ပြီးတုံ့ပြန်မှုကြောင့်လည်း ဝေဖန်တိုက်ခိုက်မှုတွေက ပိုမိုပြင်းထန်ခဲ့တာဖြစ်ပါတယ်။ ဇွန်လ ၂၁ ရက်နေ့ ညနေပိုင်းလောက်မှာတော့ ပိုင်ဇေရဲထွန်းရဲ့ ဖခင် ဦးရဲထွန်းအကောင့်ကနေ ပြေလည်သွားပြီဖြစ်ကြောင်း စိတ်ပူတဲ့အတွက် ယခုလို ရေးသားလိုက်တာဖြစ်ကြောင်း ဖြေရှင်းရေးသားမှုတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။

သို့သော်လည်း ပရိသတ်အများစုကတော့ ဒါကို လက်မခံနိုင်၊ ယုံမကြည်ကြဘဲ ဦးရဲထွန်းရဲ့ဖေ့ဘုတ်အကောင့် ဟက်ခံရပြီးလုပ်ကြံရေးသားခြင်းဖြစ်တယ်လို့ မှတ်ချက်ပြုနေခဲ့ကြပါတယ်။

ယနေ့မှာတော့ ဇင်သဲနိုင်တို့ မိသားစုပြသနာတွေ ပြန်လည်ပြေလည်သွားပြီဖြစ်ကြောင်း ဝေဖန်တိုက်ခိုက်နေသူတွေအတွက် မိသားစု စကားပြောဆိုဆွေးနွေးမှုကို Live လွှင့်ပြခဲ့တာတွေ့ရပါတယ်။

Source : We Love Cele

Add a Comment

Your email address will not be published. Required fields are marked *