တိတ်တခိုးချစ်နေတဲ့ ချစ်သူကိုပရိသတ်တွေဆီချပြလိုက်တဲ့ ပိုပို

အဆိုတော်သရုပ်ဆောင်ပိုပို ဟာ ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်ပြီး အလှူအတန်းခဏခဏပြုလုပ်တတ်သူလေးလည်းဖြစ်ပါတယ်။ ပိုပိုဟာ မိဘတွေမရှိတော့ဘဲ ကိုယ်တိုင်တစ်ဦးတည်း ရပ်တည်လာနိုင်သူတစ်ဦးလည်းဖြစ်ပါတယ်။ သူ့ဘ၀အကြောင်းကိုလည်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ပြောပြထား သူလေးလည်း ဖြစ်ပါတယ်။ ပရိသတ်အခိုင်အမာရရှိထားပြီး သူမသီချင်းတော်တော်များများကို ကလေးလူကြီးမရွေးနှစ်သက်သဘောကျကြတာပဲဖြစ်ပါတယ်။

သူမလူမှုကွန်ရက်စာမျက်နှာကနေ သူမအလှူများကိုမကြာခဏ ဖော်ပြလေ့ရှိပြီး သူမအလှူဒါနများကို မျှဝေလေ့ရှိပါတယ်။သူမဟာအခုထိ ချစ်သူမရှာသေးဘဲ တစ်ယောက်ထဲ Single အဖြစ်နဲ့ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ပရိသတ်တွေကလည်း သူမရဲ့အချစ်ရေးကိုစိတ်ဝင်တစားသိချင်နေကြတာပဲ ဖြစ်ပါတယ်။ ချစ်တဲ့ပရိသတ်တစ်ချို့ကတောင် အပျို ကြီးပိုပိုဆိုပြီး စနောက်လေ့ရှိတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်ပိုပိုကတော့ ဘယ်သူဘာပြောပြော တစ်ယောက်တည်းလွတ်လွတ်လပ်လပ်နဲ့အချုပ်အနှောင်မခံဘဲ ချစ်သူမထားသေးတာပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ သူမရဲ့လူမှုကွန်ရက်ကနေ”Crush ကို အလင်းပြလိုက်ပြီ(နောက်တာနောက်တာ) ဆိုပြီး အလင်းပြလိုက်တဲ့သူကတော့ သရုပ်ဆောင်မော်ဒယ်လ်မြတ်သူအောင်ပဲ ဖြစ်ပါတယ်။ တိတ်တခိုးလေးနဲ့ နင့်ကိုငါချစ်တယ်ဆိုတဲ့ စာသားလေးနဲ့ TikTok လေးကို ဆော့ထားကြတာ ဖြစ်ပြီး ပရိသတ်ကို စနောက်လိုက်တာပဲ ဖြစ်ပါတယ်။

Source :Cele gabar

Add a Comment

Your email address will not be published. Required fields are marked *