အတူရှိနေမှ ပြီးပြည့်စုံတယ်လို့ပြောလာတဲ့ ဝတ်မှုန်ရွှေရည်

အကယ်ဒမီသရုပ်ဆောင် မင်းသမီး အကယ်ဒမီ ဝတ်မှုံရွှေရည် ကတော့ပရိသတ်တွေ သည်းသည်းလှုပ် ချစ်ခင်အားပေးရတဲ့ နိုင်ငံကျော် သရုပ်ဆောင်မင်းသမီးတစ်ဦးပဲ ဖြစ်ပါတယ်။ ကိုရီးယားမလေးလို ရုပ်သွင်ကိုပိုင်ဆိုင်ထားပြီး အရွယ်နဲ့မလိုက်အောင်နုဖတ်ကာ ချစ်စရာကောင်း သူမကတော့ ချစ်ရတဲ့အမာခံပရိသတ်ထုကြီးကို ပိုင်ဆိုင်ထားသူလေးလည်း ဖြစ်ပါတယ်။

စိုင်းးစိုင်းနဲ့ ဝတ်မှုန်ရွှေရည်ကို ပရိတ်သတ်တွေက
အတူတွဲကာ အမြဲမြင်ချင်နေကြတာပါနော်။ဒီနေ့မှာတော့ ဝတ်မှုန်ရွှေရည်က သူမရဲ့လူမှုစာမျက်နှာက ရေးသားခဲ့တဲ့ စာသားလေးကြောင့် ပရိတ်သတ်တစ်ချို့က ဇဝေဇဝါဖြစ်ခဲ့ကြတာဖြစ်ပါတယ်။ကောမန့်ထဲမှာလည်း ပရိတ်သတ်တစ်ချို့က အမျိုးမျိုး ထင်ကြေးပေးနေကြတာပဲဖြစ်ပါတယ်။

“တချို့သောအရာတွေက အတူတူရှိနေမှ ပြီးပြည့်စုံပြီး လှပတဲ့အချိန်လေးတွေ ဖန်ဆင်းနိုင်တာမျိုး” လို့ရေးသားခဲ့တာဖြစ်ပါတယ်။ဝတ်မှုန်ရွှေရည်ဟာ ဝတ်လဲတော်ရွှေပုဆိုးတန်းထိုးလို့ကြိုမယ်ဇာတ်ကားကြီးအတွက် ဖြုံဘူးရွာကို ရောက်ရှိနေတာပဲဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *