အစ္စဏီကိုအမှုကို တရားဝင်ကြေအေးပေးလိုက်ပြီဖြစ်တဲ့ မော်ဒယ်စူးရှထက်

မော်ဒယ်သရုပ်ဆောင်စူးရှထက်အား အဓမ္မပြုကျင့်မှု၊ နာကျင်စေမှု အပါအ၀င် အမှု (၃) ခုဖြင့် တရားစွဲဆို ခံထားရတဲ့ အဆိုတော် အစ္စဏီက တရားလိုဖြစ်သူ စူးရှထက်ကို ယနေ့ သြဂုတ် 5 ရက်နေ့မှာ မီဒီယာများရဲ့ ရှ့မှာတရားဝင် တောင်းပန်ခဲ့ပါတယ်။

မီဒီယာတွေရှေ့မှာ အဆိုတော်အစ္စဏီက တောင်းပန်တဲ့အတွက် မော်ဒယ် စူးရှထက်ဟာ အမှုရုတ်သိမ်းကြောင်း လျှောက်လွှာမှာ လက်မှတ်ရေးထိုးပေးလိုက်ပါတယ်။ဒီနေ့ အဆိုတော် အစ္စဏီကိုတရားစွဲဆိုထားတဲ့ ပုဒ်မ ၃ ခုစလုံးကို ကြေအေးပေးလိုက်တာပါ။ကြေအးလွှာမှာတော့ နောက်နောင် စူးရှထက်ကို အစ္စဏီက မည်သည့်နှောက်ယှက်မှုမျိုးမှ မပြုလုပ်ဖို့် တွက်လည်း ပါရှိပါတယ်။

အဆိုတော်အစ္စဏီကို မော်ဒယ်စူးရှထက်က ပုဒ်မ ၃၇၆၊ ၃၂၄၊၃၂၃ တို့နဲ့ တိုင်တန်းခဲ့တာကြောင့် တစ်နှစ်နဲ့ လေးလကြာ တရားရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

Photo : Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *