ရင်သွေးလေးများဂေဟာကို အိမ်တက်မင်္ဂလာပွဲပြုလုပ်ခဲ့တဲ့ ခိုင်နှင်းဝေ

ပရိတ်သတ်တွေချစ်ကြတဲ့ ပရဟိတမင်းသမီးတစ်ဦဖြစ်တဲ့ သရုပ်ဆောင်ခိုင်နှင်းဝေဟာ ခိုင်နှင်းဝေဖောင်ဒေးရှင်းကို တည်ထောင်ထားပြီး လူ့ပတ်ဝန်းကျင်မှ အခက်အခဲဒုက္ခရောက်နေသူတွေကို လိုက်လံကူညီပေးနေတာပဲဖြစ်ပါတယ်။။ရင်ခွင်မဲ့ ကလေးငယ်လေးများကိုလည်း သူမတတ်စွမ်းသမျှ ခေါ်ယူစောင့်ရှောက်ပေးနေတာပဲဖြစ်ပါတယ်။

ခိုင်နှင်းဝေရဲ့ရင်သွေးလေးများဂေဟာအိမ်တက်မင်္ဂလာပွဲကို ယနေ့မနက်ပိုင်းက အမှတ်၂၅၊ခေမာလမ်း၊၄၃ရပ်ကွက် ၊မြောက်ဒဂုံမြို့နယ်မှာပြုလုပ်ခဲ့ပြီး ဝါဆိုသင်္ကန်းကပ်လှူပွဲကိုပါ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ခိုင်နှင်းဝေကဂေဟာမှာ ကလေး၂၂ယောက်ကိုပြုစုစောက်ရှောက်ပေးနေတာပဲဖြစ်ပါတယ်။

အမြဲလိုလို အခက်အခဲတွေကို လိုက်ပါကူညီတတ်တဲ့ ပရဟိတရှင်မလေး သရုပ်ဆောင်ခိုင်နှင်းဝေရဲ့ ပုံရိပ်တစ်ချို့ကို ပရိတ်သတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်…

Photo : Popular Journal

Add a Comment

Your email address will not be published. Required fields are marked *