ချစ်သူနဲ့လမ်းခွဲပြတ်ဆဲလိုက်ပြီလို့ တရားဝင်ကြေငြာလိုက်တဲ့ နေခြည်ဦး

မိန်းကလေးတွေရဲ့ အသည်းကျော်မလေးဖြစ်တဲ့ Beauty Blogger နေခြည်ဦးဟာ မြန်မာနိုင်ငံရဲ့ထင်ရှားတဲ့ Influencer တစ်ယောက်ပဲဖြစ်ပါတယ်။နိုင်ငံတကာက ဖိတ်ခေါ်တဲ့ကျင်းပတဲ့ Cosmetic ပွဲတွေမှာလည်းနိုင်ငံကိုယ်စားပြုအနေနဲ့ ရွှေးချယ်ဖိတ်ခေါ်ခံရသူတစ်ယောက်ဆိုရင်လည်း မမှားပါဘူးနော်…

နေခြည်ဦးက အချစ်ရေးနဲ့ပတ်သက်ပြီးလည်း ချစ်သူကို ပရိသတ်တွေရှေ့ထုတ်ပြပြီး Official တွဲနေတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ နေခြည်ဦးက ချစ်သူနဲ့လမ်းခွဲလိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာလိုက်တာပဲဖြစ်ပါတယ်။ နေခြည်ဦးကသူမရဲ့လူမှုအကောင့်မှာ ချစ်သူနဲ့ ”Relationship ” တင်ထားရာမှ Single အဖြစ်ပြောင်းလိုက်တာကိုလဲတွေ့ရပါတယ်။

နေခြည်ဦးက သူမရဲ့My Story မှာလည်း Single ဖြစ်သွားတဲ့အပေါ် ”No Regrets, Time To Move On” ဆိုပြီး ပြောထားတာ တွေ့ရပါတယ်။ နေခြည်ဦးတို့ချစ်သူနှစ်ယောက်ကတော့ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြပြီး မကြာခဏခရီးတွေအတူသွားလေ့ရှိသလို ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကိုလည်း ရရှိထားတာ ဖြစ်ပါတယ်။ လမ်းခွဲပြတ်ဆဲရတဲ့အကြောင်းအရင်းကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။အရမ်းကိုချစ်ကြတဲ့ ချစ်သူနှစ်ဦး ပြန်လည်အဆင်ပြေနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်…

Source : Nay Chi Oo

Add a Comment

Your email address will not be published. Required fields are marked *