ရေဘေးသင့်ပြည်သူတွေအတွက် ရွှေတိဂုံဘုရားမှာ ပဌာန်းရွတ်ဖတ်ဆုတောင်းနေကြတဲ့ အနုပညာရှင်များ

နိုင်ငံအဝန်း ရေကြီးရေလျှံမှုတွေကြောင့် သဘာဝဘေးအန္တာရယ်ကို ခံစားနေကြရတဲ့ ပြည်သူတွေကို တစ်ဆ တစ်ဆ တိုးပွားလို့နေပါတယ်။အထူးသဖြင့် သေဆုံးမှုတွေအထိ ရှိလာတဲ့ မွန်ပြည်နယ်မှ ရေကြီးရေလျှံမှုတွေကိုတော့ အလှူရှင်တွေကတတတ်တအား ဝိုင်းဝန်းကူညီနေတာပဲဖြစ်ပါတယ်။

အနုပညာရှင်တွေကလည်း ရေဘေးသင့်ပြည်သူတွေကို ငွေအားလူအားဖြင့် ဝိုင်းဝန်းကူညီမှုတွေလည်းရှိနေပါတယ်။ဒီနေ့မှာလည်း အနုပညာရှင်များနှင့် ဗုဒ္ဓဟူးညနေ သန့်ရှင်းရေးအသင်းတို့ပူးပေါင်း၍ ရွှေတိဂုံဘုရားတွင် မွန်ပြည်နယ် ရေဘေးသင့်ပြည်သူများအတွက် ဘေးအန္တာရာယ်ကင်းရှင်းပါစေကြောင်း ပဌာန်းရွတ်ဖတ်ပူဇော်ပြီး ဆုတောင်းဝတ်ပြု ခဲ့ပါတယ်။

အဆိုပါဆုတောင်းပွဲသို့ အကယ်ဒမီ နေတိုး ၊ အကယ်ဒမီ မင်းမော်ကွန်း ၊ အကယ်ဒမီ ကျော်ကျော်ဗိုလ် ၊ အကယ်ဒမီ ရဲအောင် ၊ လွှမ်းပိုင် ၊ ကေညီ ၊ အကယ်ဒမီ အေးမြတ်သူ ၊ စံရတီမိုးမြင့် ၊ နန်းခင်ဇေယျာ ၊ Bobby Soxer ၊ ရတနာဗိုလ် တို့တက်ရောက်ပူဇော် ဆုတောင်းခဲ့ပါတယ်။

Photo- Ria Bo Vich

Add a Comment

Your email address will not be published. Required fields are marked *