ဟန်ထူးလွင်ကတော့ မတူညီတဲ့ဂီတအမျိုးအစားတစ်ခုရဲ့ အရှင်သခင်လို့တောင်ပြောရလောက်အောင် ပန့်ခ်ဂီတကို ဦးဆောင်သူတစ်ယောက်ဖြစ်ခဲ့တာပါ။ အဆိုတော်ရင်ဂိုရဲ့ သားတစ်ယောက်ဖြစ်တာနဲ့အညီ ဂီတလောကမှာ အောင်မြင်ကျော်ကြားတဲ့ သီချင်းပေါင်းများစွာကို ဖန်တီးသီဆိုခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ဒါ့အပြင် ဟန်ထူးလွင်ရဲ့ပန်းချီကားဖန်တီးမှု လက်ရာတွေကလည်း လူငယ်တွေကြားမှာ ရေပန်းစားနေတာလည်းဖြစ်ပါတယ်။

ဟန်ထူးလွင်ရဲ့ အိမ်ထောင်သက်တမ်းတစ်လျှောက်မှာ သမီးလေးနှစ်ယောက်ထွန်းကားခဲ့တာဖြစ်ပြီး မနေ့ကတော့ ဟန်ထူးလွင်တင်ထားတဲ့ပို့စ်တစ်ခုကြောင့် ပရိသတ်တွေအံ့အားသင့်ခဲ့တာဖြစ်ပါတယ်။ “ကျွန်တော် စုလဲ့ဝင်း(ဇုံဇုံ) နဲ့ဘာမှမသက်ဆိုင်တော့ပါ။ တရားဝင်လည်းကွာရှင်းထားပြီးပါပြီ။ ဘာမှမမေးခြင်းဖြင့်ကူညီနိုင်ကြမယ် ထင်ပါတယ်။ Thanks.” ဆိုပြီး ရေးသားခဲ့တာဖြစ်ပါတယ်။

ဟန်ထူးလွင်ရဲ့ ကြော်ငြာချက်ထွက်ပေါ်လာပြီးနောက်မှာတော့ ဇုံဇုံဟာ ရင်ထဲကခံစားချက်တွေကို ထုတ်ဖော်ရေးသားခဲ့တာဖြစ်ပါတယ်။ “ဇုံဟာ အိမ်ထောင်ရှင်မှမပီသဘူး… လင်ယောကျာ်းဝတ္တရားလဲမကျေပွန်ဘူး… ကလေးတွေအပေါ်လဲ မိခင်တာဝန်မကျေပွန်ဘူး..အဆိုးဆုံးက ကိုယ့်ယောကျာ်းအပေါ်နားလည်ကူညီပံ့ပိုးမှုမရှိဘူး အရက်ဝိုင်သောက်တယ်… သူသီးမခံနိုင်လောက်တဲ့အထိဖြစ်သွားတယ်။ ဒီအတွက် စိတ်ကျန်းမာရေးဆရာကြီးတွေနဲ့ ပြသနေရတုန်းအချိန်ပါ…ငါ သူနဲ့တန်းတူလိုက်တူ ညီမျှတဲ့အရည်အချင်းလဲမရှိဘူး…

“နင့်ကိုချစ်တာတစ်ခုပဲသိခဲ့တယ်..အဲဒါ အလွဲကြီးတဲ့၁၅နှစ် ဟန်ဆောင်ခဲ့တယ်ပြောဆိုပေမဲ့ ငါတကယ်ချစ်ခဲ့ပါတယ်။နောက်လူနဲ့ နင်စိတ်ချမ်းသာပါစေ..ငါ့သမီးတွေနဲ့ငါရအောင်နေနိုင်ပါတယ်…ပျော်ချင်ရာတွေလုပ်ပါ…စိတ်ချမ်းသာသလိုနေပါ…ငါ့ကို နင်ရော နင်နဲ့ပတ်သက်သူရော ထပ်မနှိပ်စက်ပါနဲ့” လို့ရေးသားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် “ချစ်တဲ့သူချင်း ပေါင်းနိုင်ကျပါစေ” ဆိုပြီးလည်း ရေးသားခဲ့တာဖြစ်ပါတယ်။