အီဂျစ်မှာ ရွှေတံဆိပ်ဆုကိုရယူပြီး လက်ရှိချန်ပီယံဆု ကို ကာကွယ်ထားနိုင်ခဲ့ မြန်မာ့ဂုဏ်ဆောင် ကြက်တောင်မယ်သက်ထားသူဇာဟာ အခုရက်ပိုင်းမှာတော့ ယူနိုက်တက်အမရာဘဏ်နဲ့ စပွန်ဆာစာချုပ်တစ်ခုချုပ်ဆိုသွားခဲ့တာပါ။

ယူနိုက်တက်အမရာဘဏ်က အိုလံပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရာမှာ ကုန်ကျမယ့် စရိတ်တွေနဲ့ နည်းပြငှားရမ်းခတွေကိုပေးချေသွားမှာဖြစ်ပြီး စာချုပ်သက်တမ်းက ၂ နှစ်အထိ ရှိမှာဖြစ်ကာ ထပ်မံတိုးသွားဖို့လည်းရှိနေတယ်လို့ သိရပါတယ်။သက်ထားသူဇာဟာ လက်ရှိမှာ ကမ္ဘာ့အဆင့် ၆၅ မှာရောက်ရှိနေတာဖြစ်ပြီး လက်ရှိမှာ လေ့ကျင့်မှုတွေပြုလုပ်နေကာအရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဆီးဂိမ်းအတွက် ပြင်ဆင်နေတာပါ။

သက်ထားသူဇာနဲ့ယူနိုက်တက်အမရာဘဏ်တို့နဲ့စပွန်ဆာစာချုပ်လက်မှတ်ရေးထိုးပွဲကို ယူအေဘီတာဝါမှာ နိုဝင်ဘာ ၁၅ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး မီဒီယာအများအပြားလည်းတက်ရောက်ခဲ့ကြပါတယ်။ဒီလက်မှတ်ရေးထိုးပွဲမှာ သက်ထားသူဇာက

“အားကစားသမားတစ်ယောက်အနေနဲ့အိုလံပစ် အားကစားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရတာဟာ နိုင်ငံဂုဏ်ဆောင်တာဖြစ်သလို အားကစားသမားတစ်ယောက်အတွက်လည်း ပိုပြီး ကြိုးစားချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

ယူနိုက်တက်အမရာဘဏ် အမှုဆောင်အရာရှိချုပ်ကလည်း သက်ထားသူဇာကို ၂ နှစ်အထိ လိုအပ်မည့် ကုန်ကျစရိတ်များကို ထောက်ပံ့ပေးသွားမည်ဖြစ်သလို ထောက်ပံ့မည့်ငွေကြေးပမာဏကလည်း အကန့်အသတ်မရှိဘူးလို့ ကြေငြာခဲ့တာပါသက်ထားသူဇာအတွက် နောက်ဆံမတင်းပဲ ပြိုင်ပွဲတွေကိုအားကြိုးမာန်တက် ယှဉ်ပြိုင်သွားနိုင်မယ့် အခွင့်အရေးမလို့ ဝမ်းသာစရာသတင်းလေးလို့ ဆိုရမှာပါ။ ပရိသတ်ကြီးလည်း သက်ထားသူဇာလေးအတွက်ဝမ်းသာနိုင်အောင် တင်ဆက်ပေးလိုက်ရပါတယ်နော်။

Writer – Magic (Shwe Yaung Lan)