အဆိုပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါ ဘယ်ဘက်ကမှမလျော့တဲ့ အနုပညာရှင်ကြီး ထွန်းအိန္ဒြာဗိုလ်ကတော့ ဒီနေ့ထိတိုင် အောင်မြင်မှုတွေများစွာ ရရှိထားသူတစ်ဉီးပါ။ လတ်တလောမှာတော့ ထွန်းအိန္ဒြာဗိုလ်က မျက်ရစ်ခွဲစိတ်ပြုပြင်မှုပြုလုပ်ခဲ့တဲ့ သူမရဲ့အတွေ့အကြုံကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။မျက်ရစ်ခွဲစိတ်ပြီးနောက်ပိုင်း မြင်တွေ့ရတဲ့ ထွန်းအိန္ဒြာဗိုလ်ရဲ့ပုံရိပ်တွေကတော့ မမှတ်မိနိုင်လောက်အောင် လှနေတာပါနော်။

 

ချစ်ပရိသတ်တွေအတွက် မျက်ရစ်ခွဲပြီးနောက်ပိုင်း လုံးဝကိုပြောင်းလဲသွားတဲ့ ထွန်းအိန္ဒြာဗိုလ်ရဲ့အလှပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ထွန်းအိန္ဒြာဗိုလ်ကတော့ “မျက်နှာ က ၆ လ ပြည့်မှ ပုံမှန် ဖြစ်မှာပါ.. အခု ၂၅ ရက်ပါရှင့်… Banobagiplastic SurgeryMyanmar….” ဆိုပြီး မျက်ရစ်ခွဲပြီးနောက်ပိုင်း ပထမဉီးဆုံးအကြိမ်အနေနဲ့ သူမရဲ့မျက်နှာကို ပြသလိုက်တာပဲ ဖြစ်ပါတယ်။

ဘယ်အချိန်ကြည့်ကြည့် အမြဲလှတဲ့ မခိုင်ကြီး

ဘက်စုံထူးချွန်တဲ့ ထွန်းအိန္ဒြာဗိုလ်ကတော့ လက်ရှိမှာ အနုပညာအလုပ်တွေ ဆက်တိုက်ပြုလုပ်ဖြစ်နေပြီး ပွဲတွေလည်း ပြန်တက်ဖြစ်နေတာပါ။ ချစ်စရာကောင်းပြီး တော်တဲ့ သားလေးကို ပိုင်ဆိုင်ထားတဲ့ ထွန်းအိန္ဒြာဗိုလ်ကတော့ အမြဲပျော်နေရတာပဲ ဖြစ်ပါတယ်။