ချစ်စရာကောင်းသလို အရည်အချင်းရှိတဲ့အနုပညာမျိုးဆက်လေးအဖြစ် သတ်မှတ်ခံထားရသူလေးကတော့ မေတိုးခိုင်ဖြစ်ပါတယ်။အိန္ဒြာကျော်ဇင်ရဲ့တူမလေးအဖြစ်နဲ့လူသိကြသလို အနုပညာခြေလှမ်းကိုစတင်လျှောက်လှမ်းလာတာကြောင့်လည်း သတိထားမိလာကြတာပါ။မော်ဒယ်၊သရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်တွေချစ်ရတဲ့ မေတိုးခိုင်ကတော့ စိတ်လှုပ်ရှားခဲ့ရတဲ့အဖြစ်အပျက်လေးကိုပြောပြခဲ့ပါတယ်။

 

 

မန်ယူနိုက်တက်နောက်ခံကစားသမားဟောင်းဖာဒီနန်ဟာ မြန်မာနိုင်ငံကိုလာရောက်တာကြောင့် မန်ယူပရိသတ်တွကတော့အရမ်းကိုပျော်နေကြတာပါ။ဖာဒီနန်ဟာTiger Street Football (2019) Grand Final ပွဲကို တက်ရောက်ဖို့အတွက်မြန်မာပြည်ကိုရောက်ရှိနေခဲ့တာပါ။မေတိုးခိုင်ကတော့ အဲ့ဒီပွဲကိုသွားရောက်ခဲ့ပြီး အရမ်းကိုရင်ခုန်စိတ်လှုပ်ရှားခဲ့ပုံပါပဲ။

 

သူ့ရဲ့ဖေ့ဘွတ်ခ်မှာ”ဒူးတွေလည်းတုန် ရင်တွေလည်းတုန်အမြဲ တီဗွီက ပဲကြည့်လာရတော့ အရှေ့မှာ ရပ်နေတော့ယုံချင်စရာမကောင်း ” ဆိုပြီးတော့ အရမ်းပျော်နေတဲ့အကြောင်းကို ရေးသားထားတာဖြစ်ပါတယ်။ဒါ့အပြင်ဖာဒီနန်နဲ့တွဲရိုက်ထားတဲ့ပုံလေးကိုလည်း တင်ထားပါသေးတယ်။ဖာဒီနန်ကြောင့် မန်ယူပရိသတ်တွေကတော့ အရမ်းကိုရင်ခုန်ပျော်ရွှင်နေရမယ်ထင်ပါရဲ့….။

 

Source :MayTKhine