ဟာသသရုပ်ဆောင်ဂျိုကာဟာဆိုရင် အကိုဖြစ်သူအဆိုတော်ရဲလေးနဲ့ သီချင်းတွေအတူတူဆိုကာ ဟာသလေးတွေလုပ်ရင်း အနုပညာလောကထဲကိုခြေဆန့်လာခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ ေ အာင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူတစ်ယောက်ပါပဲ။ ဟာသဗီဒီယိုအတိုလေးတွေကိုလည်း ရိုက်ကူးတတ်ပြီး ပရိသတ်တွေကိုပျော်ရွှင်ရယ်မောရအောင် ဖန်တီးပေးနိုင်သူတစ်ယောက်လည်းဖြစ်ပါတယ်။

 

သိပ်ချစ်ရတဲ့ချစ်သူလေးကိုပိုင်ဆိုင်ထားပြီး အရမ်းကိုချစ်ရတဲ့ချစ်သူလေးနဲ့အတူ ကြည်နူးစရာအချိန်လေးတွေကုန်ဆုံးခဲ့တဲ့ ပုံရိပ်လေးတွေကိုလည်း လူမှုကွန်ယက်မှာ မကြာခဏဆိုသလို ဝေမျှလေ့ရှိပါတယ်။ နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်တဲ့ စုံတွဲလေးမို့ ပရိသတ်တွေကလည်း အချစ်ပိုပြီး သဘောတူခဲ့ကြပါတယ်။

ကွီးဂျိုကတော့ သူ့ရဲ့လူမှုကွန်ယက်မှာ ချစ်သူလေးနဲ့အနမ်းချင်းဖလှယ်နေတဲ့ ပုံရိပ်လေးတစ်ခုကို တင်ပြီး ချစ်သူကို အရမ်းလွမ်းကြောင်းနဲ့ အနမ်းလေးတွေပေးချင်ကြောင်းရေးသားခဲ့တာပဲဖြစ်ပါတယ်။ တကယ်ချစ်တဲ့ချစ်သူတွေဆိုတာ လူချင်းဘယ်လောက်ဝေးဝေး နှလုံးသားတွေကတော့ နီးစပ်နေစမြဲပါပဲ။ လိုက်ဖက်လွန်းတဲ့ စုံတွဲလေးရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်တယ်နော်။

Photo – Wai Yan Tun Min, CRD-Cele Zone