(၂၀၁၉) ခုနှစ်ကေတာ့ တောင်ကိုရီးယားရဲ့ကြယ်ပွင့်တွေတစ်ပွင့်ပြီးတစ်ပွင့်ကြွေလွင့်ရတဲ့ ကာလလို့ဆိုရမှာပါ။မကြာသေးခင်က ကိုရီးယားအနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Sulli ရဲ့သေဆုံးမှုဟာ တစ်ကမ္ဘာလုံးကိုလှုတ်လှုတ်ခတ်ခတ်ဖြစ်စေခဲ့ပါတယ်။နောက်ထပ်လည်း ဒီလိုမျိုးမဖြစ်အောင်လုပ်ဆောင်ဖို့အတွက်သတိထားမိစေခဲ့ပါတယ်။

 

ဒါပေမဲ့လည်း စိတ်မကောင်းစရာသတင်းတစ်ခုကတော့ထပ်မံကြားရပြန်ပါပြီ။တောင်ကိုရီးယားအဆိုတော်အဖွဲ့တစ်ခုဖြစ်တဲ့ Kara အဖွဲ့ဝင်ဟောင်း Goo Hara ကို ဒီနေ့ညနေ(၆)နာရီခန့်က နေအိမ်မှာသေဆုံးလျက်တွေ့ရှိခဲ့တာပါ။ဂမ်နမ်းခရိုင်ရဲတပ်ဖွဲ့ကတော့ သေဆုံးသွားပြီဖြစ်ကြောင်းလည်းအတည်ပြုခဲ့ပါပြီ။

 

Goo Hara ဟာ သရုပ်ဆောင်၊အဆိုတော်တစ်ယောက်ဖြစ်ပြီး အသက်(၂၈) နှစ်သာရှိသေးတာပါ။ငယ်ရွယ်လှပပြီး အောင်မြင်နေတဲ့ မိန်းမချောလေးတစ်ယောက်ကတော့ လူ့ဘဝကိုအဆုံးသတ်သွားခဲံပါပြီ။Goo Hara ဟာ ကိုယ့်ကိုကိုယ်သေကြောင်းကြံသွားတဲ့ အနုပညာရှင် Sulli နဲ့အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်လည်းဖြစ်ပါတယ်….။ကောင်းရာမွန်ရာရောက်ပါစေ…Goo Hara ရေ…

 

Source: allkpop,Moe