ချစ်သူနဲ့အနမ်းပေးတဲ့ပုံရိပ်လေးကိုတင်ပြီး အရမ်းလွမ်းနေတဲ့အကြောင်း ရိုဆန်ဆန်ပြောလိုက်တဲ့ ဂျိုကာ
ဟာသသရုပ်ဆောင်ဂျိုကာဟာဆိုရင် အကိုဖြစ်သူအဆိုတော်ရဲလေးနဲ့ သီချင်းတွေအတူတူဆိုကာ ဟာသလေးတွေလုပ်ရင်း အနုပညာလောကထဲကိုခြေဆန့်လာခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ ေ အာင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူတစ်ယောက်ပါပဲ။ ဟာသဗီဒီယိုအတိုလေးတွေကိုလည်း ရိုက်ကူးတတ်ပြီး ပရိသတ်တွေကိုပျော်ရွှင်ရယ်မောရအောင် ဖန်တီးပေးနိုင်သူတစ်ယောက်လည်းဖြစ်ပါတယ်။
သိပ်ချစ်ရတဲ့ချစ်သူလေးကိုပိုင်ဆိုင်ထားပြီး အရမ်းကိုချစ်ရတဲ့ချစ်သူလေးနဲ့အတူ ကြည်နူးစရာအချိန်လေးတွေကုန်ဆုံးခဲ့တဲ့ ပုံရိပ်လေးတွေကိုလည်း လူမှုကွန်ယက်မှာ မကြာခဏဆိုသလို ဝေမျှလေ့ရှိပါတယ်။ နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်တဲ့ စုံတွဲလေးမို့ ပရိသတ်တွေကလည်း အချစ်ပိုပြီး သဘောတူခဲ့ကြပါတယ်။
ကွီးဂျိုကတော့ သူ့ရဲ့လူမှုကွန်ယက်မှာ ချစ်သူလေးနဲ့အနမ်းချင်းဖလှယ်နေတဲ့ ပုံရိပ်လေးတစ်ခုကို...
တီဗီထဲမှာပဲမြင်ဖူးနေတဲ့ မန်ယူနိုက်တက်နောက်ခံကစားသမားဟောင်းဖာဒီနန်ကို အပြင်မှာတွေ့လိုက်ရလို့ပျော်နေတဲ့ မေတိုးခိုင်
ချစ်စရာကောင်းသလို အရည်အချင်းရှိတဲ့အနုပညာမျိုးဆက်လေးအဖြစ် သတ်မှတ်ခံထားရသူလေးကတော့ မေတိုးခိုင်ဖြစ်ပါတယ်။အိန္ဒြာကျော်ဇင်ရဲ့တူမလေးအဖြစ်နဲ့လူသိကြသလို အနုပညာခြေလှမ်းကိုစတင်လျှောက်လှမ်းလာတာကြောင့်လည်း သတိထားမိလာကြတာပါ။မော်ဒယ်၊သရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်တွေချစ်ရတဲ့ မေတိုးခိုင်ကတော့ စိတ်လှုပ်ရှားခဲ့ရတဲ့အဖြစ်အပျက်လေးကိုပြောပြခဲ့ပါတယ်။
မန်ယူနိုက်တက်နောက်ခံကစားသမားဟောင်းဖာဒီနန်ဟာ မြန်မာနိုင်ငံကိုလာရောက်တာကြောင့် မန်ယူပရိသတ်တွကတော့အရမ်းကိုပျော်နေကြတာပါ။ဖာဒီနန်ဟာTiger Street Football (2019) Grand Final ပွဲကို တက်ရောက်ဖို့အတွက်မြန်မာပြည်ကိုရောက်ရှိနေခဲ့တာပါ။မေတိုးခိုင်ကတော့ အဲ့ဒီပွဲကိုသွားရောက်ခဲ့ပြီး အရမ်းကိုရင်ခုန်စိတ်လှုပ်ရှားခဲ့ပုံပါပဲ။
သူ့ရဲ့ဖေ့ဘွတ်ခ်မှာ”ဒူးတွေလည်းတုန် ရင်တွေလည်းတုန်အမြဲ တီဗွီက ပဲကြည့်လာရတော့ အရှေ့မှာ ရပ်နေတော့ယုံချင်စရာမကောင်း ” ဆိုပြီးတော့ အရမ်းပျော်နေတဲ့အကြောင်းကို ရေးသားထားတာဖြစ်ပါတယ်။ဒါ့အပြင်ဖာဒီနန်နဲ့တွဲရိုက်ထားတဲ့ပုံလေးကိုလည်း...
မျက်ရစ်ခွဲပြီးနောက်ပိုင်း ပြောင်းလဲသွားတဲ့ မျက်နှာကို ပြသလိုက်တဲ့ ထွန်းအိန္ဒြာဗိုလ်
အဆိုပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါ ဘယ်ဘက်ကမှမလျော့တဲ့ အနုပညာရှင်ကြီး ထွန်းအိန္ဒြာဗိုလ်ကတော့ ဒီနေ့ထိတိုင် အောင်မြင်မှုတွေများစွာ ရရှိထားသူတစ်ဉီးပါ။ လတ်တလောမှာတော့ ထွန်းအိန္ဒြာဗိုလ်က မျက်ရစ်ခွဲစိတ်ပြုပြင်မှုပြုလုပ်ခဲ့တဲ့ သူမရဲ့အတွေ့အကြုံကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။မျက်ရစ်ခွဲစိတ်ပြီးနောက်ပိုင်း မြင်တွေ့ရတဲ့ ထွန်းအိန္ဒြာဗိုလ်ရဲ့ပုံရိပ်တွေကတော့ မမှတ်မိနိုင်လောက်အောင် လှနေတာပါနော်။
ချစ်ပရိသတ်တွေအတွက် မျက်ရစ်ခွဲပြီးနောက်ပိုင်း လုံးဝကိုပြောင်းလဲသွားတဲ့ ထွန်းအိန္ဒြာဗိုလ်ရဲ့အလှပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
ထွန်းအိန္ဒြာဗိုလ်ကတော့ “မျက်နှာ က ၆ လ ပြည့်မှ ပုံမှန်...
အပြာကားရိုက္မယ္ဆိုလည်း ဖြစ်ဖြစ်မြောက္မြောက်ရိုက်ကြပါဆိုတဲ့ လှအဉ္စလီတင့်
မကြာသေးခင်က လူတကာဝေဖန်ခဲ့ကြတဲ့ "ကိုကိုရေ ဘာတွေလဲ" MTV နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေထွက်ပေါ်နေပါတယ်။ အခုတစ္ေခါက္မွာတော့ နိုင်ငံကျော် မင်းသမီးလေး လှအဉ္စလီတင့် က လူမှုကွန်ရက်ပေါ်ကနေ အခုလို တုန့်ပြန်လိုက်ပါတယ်။
ချောချော ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ “ရွံစရာကောင်းတယ်😫အပြာကားရိုက်မယ်ဟေ့ ဆိုလည်း ဖြစ်ဖြစ်မြောက္မြောက်ရိုက်ကြ။ သီချင်းပါ၊ အနုပညာပါဆိုပြီး မျက်နှာဖုံးဆွဲမတပ်နဲ့။
ရွံစရာကောင်းတယ်။မူးချင်ရူးချင်ရင်လည်းအကွဲအပြဲသာဆော်။ လမ်းဘေးမှောက်အိပ်နေလည်း ပြဿနာမရှိဘူး။ ကိုယ့်ပိုက်ဆံနဲ့ကိုယ်သောက်တာ။ ဘယ်သူ့မှဂရုစိုက်စရာမလိုဘူး။ဘုံကထိန်ပါ၊ ဘုရားပွဲပါဆိုပြီး ခေါင်းစဉ်မတပ်နဲ့။ရွံစရာကောင်းတယ်။😏မာရှီကွဲချင်တယ်။...
ပြည်တွင်းဘဏ်တစ်ခုကနေ ငွေေကြေး အကန့်အသတ်မရှိ ထောက်ပံ့ ခံလိုက်ရတဲ့ ကြက်တောင်မယ်လေး သက်ထားသူဇာ
အီဂျစ်မှာ ရွှေတံဆိပ်ဆုကိုရယူပြီး လက်ရှိချန်ပီယံဆု ကို ကာကွယ်ထားနိုင်ခဲ့ မြန်မာ့ဂုဏ်ဆောင် ကြက်တောင်မယ်သက်ထားသူဇာဟာ အခုရက်ပိုင်းမှာတော့ ယူနိုက်တက်အမရာဘဏ်နဲ့ စပွန်ဆာစာချုပ်တစ်ခုချုပ်ဆိုသွားခဲ့တာပါ။
ယူနိုက်တက်အမရာဘဏ်က အိုလံပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရာမှာ ကုန်ကျမယ့် စရိတ်တွေနဲ့ နည်းပြငှားရမ်းခတွေကိုပေးချေသွားမှာဖြစ်ပြီး စာချုပ်သက်တမ်းက ၂ နှစ်အထိ ရှိမှာဖြစ်ကာ ထပ်မံတိုးသွားဖို့လည်းရှိနေတယ်လို့ သိရပါတယ်။သက်ထားသူဇာဟာ လက်ရှိမှာ ကမ္ဘာ့အဆင့် ၆၅ မှာရောက်ရှိနေတာဖြစ်ပြီး လက်ရှိမှာ လေ့ကျင့်မှုတွေပြုလုပ်နေကာအရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဆီးဂိမ်းအတွက် ပြင်ဆင်နေတာပါ။
သက်ထားသူဇာနဲ့ယူနိုက်တက်အမရာဘဏ်တို့နဲ့စပွန်ဆာစာချုပ်လက်မှတ်ရေးထိုးပွဲကို...